Monday, 7 January 2019

စီးပွား​ရေးနိယာမ

ငွေလိုချင်ရုံနဲ့ တော့ စီးပွားရေးမလုပ်နဲ့ 
ခဏနဲ့ ပြန်ပြုတ်သွားမယ်
အလုပ်မလုပ်ရရင် မနေနိုင်တဲ့
ရောဂါရှိမှ စီးပွားရေးလုပ်
ငွေက နောက်ကိုလိုက်လာလိမ့်မယ် ...

ငွေအရင်းအနှီး နည်းသွားလို့ 
အလုပ် မဖြစ်တာ မဟုတ်ဘူး
ဦးနှောက် ရင်းနှီးတာနည်းသွားလို့ 
အလုပ်မဖြစ်တာ
သေချာ မစဉ်းစားဘဲ
ငါးပွက်ရာပဲ ငါးစာလိုက်ချခဲ့လို့ 
အလုပ်မဖြစ်တာ ...

မြန်မာလူမျိုးမို့  ပေါင်းလုပ်လို့ မရတာ
ကွဲကြတာ မဟုတ်ဘူး
လုပ်ပိုင်ခွင့်၊ ခံစားခွင့်နဲ့ တာဝန်ယူမှုတွေကို
အစထဲက ရှင်းရှင်းလင်းလင်းမခွဲဘဲ
လုံးချခဲ့လို့  ကွဲကြတာ ...

လုပ်ငန်း ဆုံးရှုံးသွားတာ
ဝန်ထမ်းတွေ ညံ့လို့ မဟုတ်ဘူး
ပြိုင်ဘက်တွေ ညစ်လို့ မဟုတ်ဘူး
ကိုယ်စီမံခန့် ခွဲတာ လိုသွားလို့  ...

အလုပ်တွေ များလို့  မပြီးတာမဟုတ်ဘူး
အချိန် နဲ့  တာဝန် ခွဲဝေဖို့ 
စီမံခန့် ခွဲမှု မလုပ်လို့  မပြီးတာ
တစ်ယောက်ထဲ လုပ်လို့ ရတဲ့ ကိစ္စတွေကို
နှစ်ယောက် လိုက်လုပ်နေလို့ 
အလုပ်တွေ မပြီးပြီးတာ ...

အသုံးစရိတ်များလို့ 
အရှုံးပေါ်တာ မဟုတ်ဘူး
အဖြုန်းစရိတ် များသွားလို့
အရှုံးပေါ်တာ ...

လုပ်ငန်းကို သေးသေးပဲစခဲ့လို့ 
ခင်ဗျား မအောင်မြင်တာ မဟုတ်ဘူး
အိမ်မက်သေးသွားလို့  မအောင်မြင်တာ ...

လုပ်ငန်းကို ကြီးကြီးစနိုင်လို့ 
သူအောင်မြင်နေတာ မဟုတ်ဘူး
အိမ်မက်ကြီးကြီးနဲ့ စခဲ့လို့ 
သူအောင်မြင်တာ ...

အရင်းအနှီးများတဲ့သူနဲ့ 
လက်တွဲတိုင်း အောင်မြင်မှာ မဟုတ်ဘူး
ရလဒ် ထွက်အောင် လုပ်မယ့်
တာဝန်ယူမယ့်၊ တာဝန်ခံမယ့်သူနဲ့ 
ဦးစားပေး လက်တွဲမှ အောင်မြင်မှာ ...

ဝန်ထမ်းတွေရဲ့ ဘဝနဲ့ အရည်အသွေးကို
တိုးတက်အောင် မပြောင်းလဲပေးနိုင်ရင်
ကြီးကျယ်တဲ့ အလုပ်တွေကို
ဖန်တီးလို့ မရဘူး ...

မိုးထဲလေထဲရောက်ရင် ရှောင်နေတဲ့
အချောင်သမားတွေကို လက်တွဲဖြုတ်
အပြောသမားကို လက်တွဲဖြုတ်
ရလဒ် မထွက်တဲ့သူကို လက်တွဲဖြုတ်
သူများအပြစ်ပဲမြင်တတ်တဲ့သူဆို လက်တွဲဖြုတ်
Theory နဲ့  Strategy တွေပဲ ထိုင်ရွတ်နေပြီး
မြေပြင်မှာ ဝင်မကူတဲ့သူဆို လက်တွဲဖြုတ် ...

အသေးစိတ် အလုပ်တွေကို တာဝန်ခံပြီး
ကျားစီးဖားစီး လုပ်တဲ့သူကို လုပ်ပိုင်ခွင့်ပေး
အမြဲတက်ကြွနေတဲ့သူကို လက်တွဲထား
အလုပ်ကို ရူးသွပ်တဲ့လူကို ပံ့ပိုး
ဒါဆို ရလဒ်ထွက်မယ် ...

အောင်မြင်တဲ့ စွန့် ဦး ဆိုတာ
အိမ်မက် ထိုင်မက်နေတဲ့သူတွေ မဟုတ်ဘူး
မရပ်မနားကို လဲကျလိုက်
ပြန်ထလိုက် လုပ်နေတဲ့သူတွေ ...

ခင်ဗျား အလုပ် ဘယ်လောက်ရှုပ်ရှုပ်
ဘယ်သူမှ စိတ်မဝင်စားဘူး
ခင်ဗျား ရလဒ် ထွက်အောင် လုပ်ပြမှ
အားလုံးက စိတ်ဝင်စားတယ် ...

နောက်ဆုံးပြောရရင်
စီးပွားရေး လုပ်တယ် ဆိုတာ
ခင်ဗျားအကြောင်း
သူများတွေသိဖို့ ထက်
သူများတွေ အကြောင်းကိုသာ
ခင်ဗျားသိဖို့  ပိုအရေးကြီးတယ် ...

Credit to phyo ko ko Naing

လက်​ဦးဆရာ

💥 လက်ဦး ဆရာ 💥
🔛🔛🔛🔛🔛🔛🔛🔛

သေမိန့်စောင့်နေတဲ့ ထောင်သားရဲ့
နောက်ဆုံးသောစာ......

အသတ်ခံရမဲ့နေ့ကို စောင့်နေတဲ့ ထောင်သားဟာ နောက်ဆုံးဆန္ဒအနေနဲ့ ဘောပင် နှင့် စာရွက်တစ်ရွက်ကို သူတောင်းပါတယ်။

မိနစ် အနည်းငယ်ကြာရေးပြီးတဲ့နောက် သူဟာ ထောင့်ကင်းစောင့်ကိုခေါ်ပြီး သူ့အမေရဲ့ လက်ထဲကို ဒီစာ ပို့ပေးဖို့ နောက်ဆုံးဆန္ဒအနေနဲ့ သူတောင်းဆိုခဲ့တယ်။

စာထဲမှာ ရေးထားတာက....

အမေ၊ တကယ်လို့များ ဒီကမ္ဘာကြီးမှာ တရားမျှတမှုပိုပြီးရှိခဲ့မယ်ဆိုရင် ကျွန်တော်တစ်ဦးတည်း မဟုတ်ပဲ အမေ နဲ့ ကျွန်တော်နှစ်ယောက်လုံး သေဒဏ်ကျလိမ့်မယ်။ ဘာဖြစ်လို့လို့လဲ ဆိုတော့ ကျွန်တော်ရဲ့ဘ၀ဒီလိုပုံ ဖြစ်လာဖို့ အတွက် အမေ့မှာ အပြစ်မကင်းဘူး။

ပြန်သတိရပါ။ ကျွန်တော်လိုကောင်လေးတစ်ယောက်ဟာ စက်ဘီးတစ်စီးခိုးလာခဲ့တုန်းကပေါ့။
အဖေမတွေ့ရအောင် အဲဒီ စက်ဘီးကို
ဝှက်ဖို့ အမေကျွန်တော်ကို ကူညီခဲ့
တယ်လေ။

အိမ်နီးချင်းတစ်ယောက်ရဲ့ လက်ကိုင်အိတ်ထဲက ငွေကို ကျွန်တော်ခိုးယူခဲ့တုန်းကရော အမေမှတ်မိရဲ့လား။
အမေ ကျွန်တော် နှင့်အတူ ဈေးတန်းကိုသွားပြီး သုံးခဲ့ကြတယ်လေ။

အဖေနှင့် ကျွန်တော် စကားများကြပြီး အဖေအိမ်ကထွက်သွားတုန်းကရော..
မှတ်မိရဲ့လား။
ကျောင်းစာမေးပွဲကြီးရဲ့ ရလဒ်တွေကို ကျွန်တော်ခိုးယူပြီးနောက် ကျောင်းက ထုတ်ခံခဲ့ရတာကို အဖေဟာ မှားကြောင်း
ပြချင်ခဲ့ရုံပါ။

အမေ၊ ကျွန်တော်ဟာ ကလေးတစ်ယောက်ပါ။ ဆယ်ကျော်သက်အရွယ် ပြသနာကောင်တစ်ယောက် အဖြစ်မကြာသေးဘူး ကျွန်တော်ဟာ ပုံမမှန်ကြီးပြင်းလာတဲ့ ယောကျင်္ားရင့်မာ ကြီး တစ်ယောက် ဖြစ်ခဲ့ပြီ။

အမေ၊ ကျွန်တော်ဟာ လမ်းမှန်ကို ပြသပေးဖို့၊ကြပ်မတ်ပေးဖို့လိုအပ်နေတဲ့ ကလေးတစ်ယောက်ပါ။ အလိုလိုက် အကြို က်ဆောင်ပေးတာ လိုအပ်တဲ့ ကလေးတစ်ယောက် မဟုတ်ဘူး အမေ။

ဒါပေမဲ့ အမေ့ကို ကျွန်တော်...
ခွင့်လွှတ်ပါတယ်။

ကျွန်တော်ဒီစာကို ကမ္ဘာအနှံ့နှံ့ က မိဘတွေထံ ရောက်သွားစေချင်တယ်။

ဒီအတွက် ပညာရေးဟာ လူကောင်း၊လူဆိုး အရာသွင်းပေးနိုင်တဲ့ အရာ ဖြစ်ကြောင်း သူတို့သိကြလိမ့်မယ်။

ကျေးဇူးတင်ပါတယ်အမေ။
ကျွန်တော်ကို အသက်ပေးခဲ့ပြီး၊အသက်ဆုံးရအောင်လဲ ကူညီပေးခဲ့တဲ့
အတွက် ကျေးဇူးတင်ပါတယ်။

အမေ့ရဲ့ အပြစ်သား.........။

မှတ်သားစရာ။ ။

''ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ရောက် ၏။ သားကို ချစ်သော သူမူကား၊ ငယ်သော အရွယ်မှစ၍ ဆုံးမတတ်၏။''
သာသမီးကို ချစ်​တာ နှစ်​ရာမ​ရောက်​ပါ​စေနဲ့ ....။

Credit.. Original writer.

ပြန်လည်မျှဝေသည် 🤡 JWN

Thursday, 3 January 2019

သင်​နည်း ၂၁နည်း

သင်နည်း(၂၁)နည်း အတိုကောက်
^^^^^^^^^^^^^^^^^^^^^^^^^^
တွေး -ကြည့် -စမ်း -တူ -နှစ်- စု-ယူ
ပေါင်း- ဆင-့် ဥာဏ်- ဟော -လက်- ဖြတ်-ပြော
‌ကွင်း-နာ-ကြုံ-ဖေ-ွ ရုပ် ပြ ဖြေ
သင်နည်းမှတ်ကြစေ။

တွေး-တွေး တွဲ မျှဝေနည်း
Think-pair-share
ကြည့်-ကြည့်ရှုလေ့လာခြင်းနည်း
observation
စမ်း-စူးစမ်းရှာဖွေနည်း
inquiry  learning
တူ-သဏ္ဌာန်တူသရုပ်ဆောင်ကစားနည်း
simulation  and  game
နှစ်-နှစ်ယောက်တစ်တွဲအပြန်အလှန်ပြောဆိုနည်း
dyadic  exchange
စု-အုပ်စုဖွဲ့ဆွေးနွေးနည်း
nominal  group  process
ယူ-ခြုံယူဆင်ခြင်နည်း
inductive  approach
ပေါင်း-ပူးပေါင်းသင်ကြားနည်း
‌co-oporative  learning
‌ဆင့်-အဆင့်ဆင့်ဆွေးနွေးနည်း
‌fish-bowl technique method
‌ဥာဏ်-ဥာဏ်ဖွင့်ဆွေးနွေးနည်း
‌brainstoming  method
‌ဟော-ဟောပြောဆွေးနွေးခြင်းနည်း
‌lecture  discussion  method
‌လက်-လက်တွေ့စမ်းသပ်ခန်းသုံး၍သင်နည်း
‌laboratory  technique  method
‌ဖြတ်-ပုံပြင်ဖြတ်ဆက်နည်း
‌strip-story   method
‌ပြော-ပုံပြောသင်နည်း
‌story-telling  method
‌ကွင်း-ကွင်းဆင်းလေ့လာခြင်းနည်း
‌field  trip  method
‌နာ-ပြသနာဖြေရှင်းနည်း
‌problem  solving  method
‌ကြုံ-အတွေ့အကြုံ အားဖြင့်သင်ယူနည်း
‌experiential  learning  approach
‌ဖွေ-ရှာဖွေတွေ့ရှိခြင်းနည်း
‌discovery  method
‌ရုပ်-သရုပ်ဆောင်သင်ကြားနည်း
‌role-playing  method
‌ပြ-သရုပ်ပြသင်ကြားနည်း
‌demonstration  method
‌ဖြေ-စာသင်ခန်းတွင်း အမေးအဖြေပြုခြင်း
‌question  and  answer  method
--------------------------------------------------------
    သင်ကြားနည်း(၂၁)နည်းကဗျာ
"""""""""""""""""""""""""""""""""""
**စာသင်ခန်း  မှာ   ပုံပြင်ပြော  လို့
ဟောပြောဆွေးနွေး  သရုပ်ပြမယ်

လက်တွေ့ခန်းမှာ   ပုံပြင်ဖြတ်လို့
နှစ်ယောက်တစ်တွဲ   ခြုံ  ကြားမယ်

ပြသနာကိုရှင်း   ရှာဖွေခြင်း
ကွင်းဆင်း   စူးစမ်းမယ်

အဲဒါမှ  သဏ္ဌာန်တူ  သရုပ်ဆောင်
ကြည့်ရှု့ ချင်ပါတယ်။

**အများသဘောတူ   ဥာဏ်ကိုဖွင့်လို့
ပူးပေါင်းပါဝင်  သင်ကြားမယ်

အဆင့်ဆင့်-တွေး   အတွေ့အကြုံလေး
မှတ်ပေးသင်နည်းကွယ်

အဲဒါမှလာထားအာဘွား
ဆရာများဖြေနိုင်မယ်။

ဆရာ/ဆရာမများ  မျှဝေနိုင်ကြပါစေ
‌Yoemayarzar Salin