ကြောင်ပမ်းဆရာတော်ကြီးက ရေးဖွဲ့ခဲ့တော်မူပါသတဲ့ ။
=====================
"ဂျာအေး"ကဗျာ အဓိပ္ပါယ်
... ... ... ... ... ... ... ... ... ...
မုန့်လုံးကို စက္ကူကပ်ပါလို့
ကြာကလပ်နဲ့ ဆွမ်းတော်တင်
ပလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ပြေး
ဂျာအေး
ဂျာအေးကို သူ့အမေ ရိုက်ပါလို့
မှောင်မိုက်မှာငို
ကိုလူပျို ထရံပေါက်က
ခြေထောက်ကိုဆွဲ တွဲလွဲ
တွဲလွဲနေပါဦး
မိုးတောင်ကချုန်း
မုန့်လုံး
ကြာကလပ်နဲ့ ဆွမ်းတော်တင်
ပလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ပြေး
ဂျာအေး
ဂျာအေးကို သူ့အမေ ရိုက်ပါလို့
မှောင်မိုက်မှာငို
ကိုလူပျို ထရံပေါက်က
ခြေထောက်ကိုဆွဲ တွဲလွဲ
တွဲလွဲနေပါဦး
မိုးတောင်ကချုန်း
မုန့်လုံး
... ... ... ... ... ... ... ... ... ...
ကပေါက်တိ ကပေါက်ချာ စာသားတွေနဲ့
ဘယ်က စပြီး ဘယ်တော့ ဆုံးမယ်မှန်း မသိတဲ့ ဒီကဗျာလေးကို
ကျွန်တော်တို့ ငယ်စဉ်ကတည်းက
အလွတ်ရနေခဲ့ကြတာပေမယ့်
အဓိပ္ပါယ် သိသူ နည်းပါးဦးမှာပါ..
ဘယ်က စပြီး ဘယ်တော့ ဆုံးမယ်မှန်း မသိတဲ့ ဒီကဗျာလေးကို
ကျွန်တော်တို့ ငယ်စဉ်ကတည်းက
အလွတ်ရနေခဲ့ကြတာပေမယ့်
အဓိပ္ပါယ် သိသူ နည်းပါးဦးမှာပါ..
ဒီကဗျာကို ကြောင်ပမ်းဆရာတော်ကြီးက ရေးဖွဲ့ခဲ့ပြီး
ရေးသားခဲ့တဲ့ ခုနှစ်နဲ့ မူရင်း အဓိပ္ပါယ်ကို
သေချာ မသိရပါဘူး..
ရေးသားခဲ့တဲ့ ခုနှစ်နဲ့ မူရင်း အဓိပ္ပါယ်ကို
သေချာ မသိရပါဘူး..
ဒါပေမယ့် ကံအကြောင်း တိုက်ဆိုင်စွာ
ကဗျာရဲ့ အဓိပ္ပါယ်ကို လေ့လာ မှတ်သားခဲ့ရတဲ့အတွက်
ဝေမျှလိုက်ပါတယ်..
ကဗျာရဲ့ အဓိပ္ပါယ်ကို လေ့လာ မှတ်သားခဲ့ရတဲ့အတွက်
ဝေမျှလိုက်ပါတယ်..
... ... ... ... ... ... ... ... ... ... .
မုန့်လုံးကို စက္ကူကပ်ပါလို့ - မုန့်လုံးနဲ့ တူတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာငါးပါး သက္ကာယတရားတွေကို တဏှာ ဒိဋ္ဌိတွေနဲ့ စွဲကပ်ထားပါတယ်..
ကြာကလပ်နဲ့ ဆွမ်းတော်တင် - နတ်ချမ်းသာ ဗြဟ္မာချမ်းသာတွေကို ရည်စူးပြီး ကုသိုလ် ကောင်းမှုတွေ ပြုလုပ်ကြပါတယ်
ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး ဂျာအေး - ကောင်းမှုတွေ လုပ်လို့ ကောင်းရာ ဘုံဘဝတွေ ရောက်ပေမယ့်လည်း (မုန့်လုံးကို စက္ကူကပ်ပြီး လှူသလို တဏှာလောဘနဲ့ လုပ်တဲ့ ကုသိုလ်တွေ ဖြစ်လေတော့) အချိန်တန်လို့ ကုသိုလ် အဟုန်တွေ ကုန်တော့ အပါယ်ဘုံ (သို့) လူ့ဘုံကိုပဲ ရောက်ရတာပါပဲ..
ဂျာအေးကို သူ့အမေရိုက်ပါလို့ မှောင်မိုက်မှာငို - ကံတရားရဲ့ အကျိုးပေးကြောင့် လူဘုံကို ရောက်တဲ့ အချိန်မှာလဲ အမှောင်နဲ့တူတဲ့ အဝိဇ္ဇာတွေကြားထဲမှာ ဒုက္ခသစ္စာနဲ့ ကြုံပြန်တော့ ပူဆွေးရပြန်ပါတယ်..
ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလွဲ - ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ဟာ သာသနာနဲ့ ကြုံကြိုက်လို့ ဓမ္မအလင်းရောင်နဲ့ တွေ့ပြီး အမှောင်ထဲက လွတ်မဲ့ လမ်းစ မြင်လာရပါတယ်
မိုးတောင်ကချုန်း မုန့်လုံး - သာသနာတော်နဲ့ ကြုံပေမယ့် အဖျက်အမှောင့်တွေကြောင့် အားမထုတ်နိုင်ခဲ့ရင်ဖြင့် မုန့်လုံးဘဝသို့ ပြန်လည် ရောက်ရှိသွားမှာ ဖြစ်ပါတယ်...
မုန့်လုံးဘဝကို ရောက်ရှိရင်ဖြင့် မဆုံးနိုင်တဲ့ သံသရာကို ဘယ်နှကြိမ်မှန်း မသိဘဲ အထပ်ထပ် ပြန်ကျော့နေရဦးမှာ ဖြစ်ပါတော့တယ်..
... ... ... ... ... ... ... ... ... ...
ကဗျာလေးက တိုပေမယ့်
မသိတော့ပြုလုပ် ပြုလုပ်တော့ရရှိ
ရရှိတော့ခံစား ခံစားတော့လိုချင်
လိုချင်တော့စွဲလမ်း စွဲလမ်းတော့ပြုလုပ်နဲ့
ဘဝသံသရာ ဝဲဂယက်ထဲ
မဆုံးနိုင်အောင် အထပ်ထပ် လည်ပတ်နေရပုံကို
ရေးဖွဲ့ထားတဲ့ သံဝေဂရစရာ
ကဗျာလေးတစ်ပုဒ် ဖြစ်ပါတယ်..
မသိတော့ပြုလုပ် ပြုလုပ်တော့ရရှိ
ရရှိတော့ခံစား ခံစားတော့လိုချင်
လိုချင်တော့စွဲလမ်း စွဲလမ်းတော့ပြုလုပ်နဲ့
ဘဝသံသရာ ဝဲဂယက်ထဲ
မဆုံးနိုင်အောင် အထပ်ထပ် လည်ပတ်နေရပုံကို
ရေးဖွဲ့ထားတဲ့ သံဝေဂရစရာ
ကဗျာလေးတစ်ပုဒ် ဖြစ်ပါတယ်..
ဆိုလိုရင်းကို နားလည်သလို အနီးစပ်ဆုံး ပြန်ထားတာမို့
မူရင်း အဓိပ္ပါယ်နဲ့ တိကျစွာ တူချင်မှ တူမှာမို့
နာလည်သူများက ပြင်ဆင်ပေးကြပါဦး...
မူရင်း အဓိပ္ပါယ်နဲ့ တိကျစွာ တူချင်မှ တူမှာမို့
နာလည်သူများက ပြင်ဆင်ပေးကြပါဦး...
ကျေးဇူးတင်ပါတယ်..
Crd Kyaw Zin Thant
Crd Kyaw Zin Thant
__________________________
ဂျာအေး
__________________________
မုန့်လုံး စက္ကူ ကပ်ပါလို့
ကြာကလပ်နှင့် ဆွမ်းတော်တင်
ပလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ပြေး ဂျာအေး။
ဂျာအေးကို သူ့အမေရိုက်လို့
မှောင်မိုက်မှာငို
ကိုလူပျို ထရံပေါက်က
ခြေထောက်ကိုဆွဲ တွဲလဲ
တွဲလဲ နေပါအုံး
မိုးတောင်ကချူ န်း မုန့်လုံး။ ။
ဂျာအေး
__________________________
မုန့်လုံး စက္ကူ ကပ်ပါလို့
ကြာကလပ်နှင့် ဆွမ်းတော်တင်
ပလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ပြေး ဂျာအေး။
ဂျာအေးကို သူ့အမေရိုက်လို့
မှောင်မိုက်မှာငို
ကိုလူပျို ထရံပေါက်က
ခြေထောက်ကိုဆွဲ တွဲလဲ
တွဲလဲ နေပါအုံး
မိုးတောင်ကချူ န်း မုန့်လုံး။ ။
ကျွန်တော်တို့ငယ်ငယ်တုန်းက
ဘာမှန်းမသိ ဆိုခဲ့တဲ့ ကဗျာလေး။
အခုတော့
ဆရာတစ်ယောက်ရဲ့အကူအညီနဲ့
ဘာမှန်း မသိခဲ့တဲ့ ...
"ဂျာအေး"အကြောင်းသိခဲ့ရပါပြီ။
ဆရာပို့ပေးထားတာတွေကို
မူရင်းအတိုင်း ပြန်မျှဝေပါရစေ။
ဘာမှန်းမသိ ဆိုခဲ့တဲ့ ကဗျာလေး။
အခုတော့
ဆရာတစ်ယောက်ရဲ့အကူအညီနဲ့
ဘာမှန်း မသိခဲ့တဲ့ ...
"ဂျာအေး"အကြောင်းသိခဲ့ရပါပြီ။
ဆရာပို့ပေးထားတာတွေကို
မူရင်းအတိုင်း ပြန်မျှဝေပါရစေ။
ပထမတန်း၊ မြန်မာစာတွင်
"ဂျာအေး"ဟူ၍ စာလုံးပေါင်းပါသည်။
ယခုဖော်ပြလိုက်သော"ဂြာဧ"ကဗျာကို
၁၉၆၀ပြည့်နှစ်၊ မြန်မာနိုင်ငံ
သုတေသနအသင်းကထုတ်ဝေသော
Fiftieth Anniversary Publications
No. 2 စာစောင်မှ J.A.Stewart ပြု စု
ရေးသားသော"Some Songs and a Riddle"
ဆောင်းပါးမှ ယူပါသည်။ အဆုံးမရှိသဖြင့်
"Endless Song"ဟူ၍ အမည်ပေးထားသည်။
သုတေသီ အချို့က ...
ပတ်လည်သီချင်းဟု ခေါ်တွင်စေပါသည်။
"ဂျာအေး"ဟူ၍ စာလုံးပေါင်းပါသည်။
ယခုဖော်ပြလိုက်သော"ဂြာဧ"ကဗျာကို
၁၉၆၀ပြည့်နှစ်၊ မြန်မာနိုင်ငံ
သုတေသနအသင်းကထုတ်ဝေသော
Fiftieth Anniversary Publications
No. 2 စာစောင်မှ J.A.Stewart ပြု စု
ရေးသားသော"Some Songs and a Riddle"
ဆောင်းပါးမှ ယူပါသည်။ အဆုံးမရှိသဖြင့်
"Endless Song"ဟူ၍ အမည်ပေးထားသည်။
သုတေသီ အချို့က ...
ပတ်လည်သီချင်းဟု ခေါ်တွင်စေပါသည်။
ကိုလူပျို နှင့်
မဂျာအေးတို့၏ ရယ်စရာ
အဖြစ်အပျက်ကလေးပင် ဖြစ်ပါသည်။
အဆုံးအစမရှိ၊
အတော်မသတ်ဖြစ်နေလျှင်
"မုန့်လုံးစက္ကူ ကပ်"ဖြစ်နေပြီဟု
ဆိုစမှတ်ရှိလေသည်။
"ဂျာအေး"ကဗျာလေးကို
ဆရာကြီးJ.A.Stewart ဘာသာပြန်ဆိုပုံမှာ
နှစ်သက်အတုယူစရာ ကောင်းလှပါသည်။
မြန်မာကဗျာ၏ သဘောကိုသိ၍
အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကြသော
အနောက်တိုင်းပညာရှင်များတွင်
ဆရာကြီးJ.A.Stewartသည်
စံပြပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ပါသည်။
ဆရာကြီးဘာသာပြန်ကဗျာစာမူကို
လေ့လာကြည့်ကြပါစို့။
__________________________
ဂြာဧ (ဂျာဧ)
__________________________
ဂြာဧ သူ့အမေရိုက်လို့
မှောင်မိုက်မှာငို။
ကိုလူပျို ထရံပေါက်က
ခြေထောက်ကိုဆွဲ။
တွဲလွဲ။
တွဲလွဲ။ နေပါဦး။
မိုဃ်းတောင်ကခြုန်း။
မုန့်လုံး။
မုန့်လုံးစက္ကူ.ကပ်လို့
ကြာကလပ်မှာ ဆွမ်းတော်တင်။
ပလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ပြေး။
ဂြာဧ။
__________________________
Gya E
__________________________
Gya E, because her mother beat her,
Was crying in the darkness.
Mister Bachelor from a hole in the wall,
Pulled her leg ,
Hanging down.
Hanging down. Wait a bit.
It thundered in the south.
A bun
A bun with paper sticking to it
Was put on the lily salver as an offering,
From above the shrine the little monkey
Came running down,
Gya E.
မဂျာအေးတို့၏ ရယ်စရာ
အဖြစ်အပျက်ကလေးပင် ဖြစ်ပါသည်။
အဆုံးအစမရှိ၊
အတော်မသတ်ဖြစ်နေလျှင်
"မုန့်လုံးစက္ကူ ကပ်"ဖြစ်နေပြီဟု
ဆိုစမှတ်ရှိလေသည်။
"ဂျာအေး"ကဗျာလေးကို
ဆရာကြီးJ.A.Stewart ဘာသာပြန်ဆိုပုံမှာ
နှစ်သက်အတုယူစရာ ကောင်းလှပါသည်။
မြန်မာကဗျာ၏ သဘောကိုသိ၍
အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကြသော
အနောက်တိုင်းပညာရှင်များတွင်
ဆရာကြီးJ.A.Stewartသည်
စံပြပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ပါသည်။
ဆရာကြီးဘာသာပြန်ကဗျာစာမူကို
လေ့လာကြည့်ကြပါစို့။
__________________________
ဂြာဧ (ဂျာဧ)
__________________________
ဂြာဧ သူ့အမေရိုက်လို့
မှောင်မိုက်မှာငို။
ကိုလူပျို ထရံပေါက်က
ခြေထောက်ကိုဆွဲ။
တွဲလွဲ။
တွဲလွဲ။ နေပါဦး။
မိုဃ်းတောင်ကခြုန်း။
မုန့်လုံး။
မုန့်လုံးစက္ကူ.ကပ်လို့
ကြာကလပ်မှာ ဆွမ်းတော်တင်။
ပလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ပြေး။
ဂြာဧ။
__________________________
Gya E
__________________________
Gya E, because her mother beat her,
Was crying in the darkness.
Mister Bachelor from a hole in the wall,
Pulled her leg ,
Hanging down.
Hanging down. Wait a bit.
It thundered in the south.
A bun
A bun with paper sticking to it
Was put on the lily salver as an offering,
From above the shrine the little monkey
Came running down,
Gya E.
J_A_Stewart
Ref ; ဆရာမောင်သိန်းလွင်၏
ကျွန်တော်နှစ်သက်သောကဗျာများ
ကျွန်တော်နှစ်သက်သောကဗျာများ
crd : Aung_Thiha
copy : Win Min Tun's comment on Daw Sein Sein Htay's post
No comments:
Post a Comment