အတုမရှိမြတ်စွာဘုရားဟာ မြန်မာနိုင်ငံသို့ ဘယ်နှစ်ကြိမ် ကြွခဲ့ဖူးလဲ
ဗုဒ္ဓမြတ်စွာဘုရားရှင်ဆိုတာ သိသင့် သိထိုက်သော တရားအလုံးစုံကို တစ်ခုမကျန် ဟုတ်တိုင်းမှန်စွာ သိနိုင်သော သဗ္ဗေညုတဉာဏ်တော်ရှင် ပုဂ္ဂိုလ်ထူးကို ဆိုလိုပါတယ်။ ထိုပုဂ္ဂိုလ်ထူးကိုလည်း ဉာဏ်ပညာတစ်မျိုးတည်းသာ ကြီးကျယ်မြင့်မြတ်ခြင်းဖြင့် ဗုဒ္ဓဘုရားဟုဆိုသည် မဟုတ်။
(၁) ဇာတိမဟတ္တ – အမျိုးဇာတ်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း
(၂) ပုညမဟတ္တ – ဘုန်းသမ္ဘာကုသိုလ် ပါရမီအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း
(၃) သီလမဟတ – အကျင့်သီလအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း
(၄) သမာဓိမဟတ္တ – တည်ကြည်ခိုင်ခံ့သော သမာဓိအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း
(၅) ဣဒ္ဓိမဟတ္တ – တန်ခိုးအာနုဘော်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း
(၆) ဗုဒ္ဓိမဟတ္တ – ဉာဏ်ပညာအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း ဟူ၍ လောကတွင် ရှိရှိသမျှ လူနတ်ဗြဟ္မာ သတ္တဝါတို့ထက် ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံမှသာလျှင် ပြည့်စုံသော ပုဂ္ဂိုလ်ထူးကိုသာလျှင် ဘုရားဟု ဆိုရပါသည်။
လောကမှာ အတုမရှိ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ကျနော်တို့မြန်မာနိုင်ငံသို့ ဘယ်နှစ်ကြိမ်ကြွခဲ့ပါသလဲ ?
၁။ ပထမအကြိမ် မဟာသက္ကရာဇ် (၁၀၄)ခုနှစ်၊ ဒုတိယဝါ သက်တော် (၃၆)နှစ်တွင် ဖိုးဦးတောင် ( ပြည်မြို့အနီး ) သို့ ကြွချီတော်မူသည်။ ပြည်ရွှေဆံတော် စေတီပေါ်ထွန်းခဲ့သည်။
၂။ ဒုတိယအကြိမ် မဟာသက္ကရာဇ် (၁၁၁)ခုနှစ်၊ ဝါတော်(၈)ဝါ သက်တော် (၄၃)နှစ်တွင် သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ရဟန္တာအရှင် ဂဝံပတိမထေရ်၏ ပင့်လျှောက်ချက်အရ ရဟန္တာ (၅၀၀)တို့နှင့်အတူ ကြွချီတော်မူသည်။ ကျိုက်ထီးရိုးစေတီ ပေါ်ထွန်းခဲ့သည်။
၃။ တတိယအကြိမ် မဟာသက္ကရာဇ် (၁၁၃)ခုနှစ်၊ ဝါတော် (၁၀)ဝါ သက်တော် (၄၅)နှစ်တွင် ရခိုင်ပြည်သို့ ရဟန္တာ (၅၀၀)နှင့်အတူ ကြွချီတော်မူခဲ့သည်။ မဟာမြတ်မုနိအပါအဝင် မုနိလေးဆူပေါ်ထွန်းခဲ့သည်။
၎။ စတုတ္ထအကြိမ် မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၊ ဝါတော် (၂၀)ဝါ သက်တော် (၅၅)နှစ်တွင် သုနာပရန္တတိုင်းသို့ ကြွချီတော်မူသည်။ မန်းရွှေစက်တော် ခြေတော်ရာများ ကိုးကွယ်ရန်ချထားတော်မူခဲ့သည်။
၅။ ပဉ္စမအကြိမ် မဟာသက္ကရာဇ် (၁၃၆)ခုနှစ်၊ ဝါတော် (၃၃)ဝါ သက်တော် (၆၈)နှစ်တွင် တကောင်းပြည်သို့ ကြွချီတော်မူသည်။ ဟန်လင်းကြီးစေတီ ပေါ်ထွန်းခဲ့သည်။
No comments:
Post a Comment