" ဘုရားမရှိတော့ဘူး "
~~~~~~~~~~~~~
အခုခေတ်နောက်ပိုင်းဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတဲ့
တစ်ချို့လူငယ်/လူရွယ်က စလို့
လူကြီးပိုင်တွေအထိ
ရဟန်းသံဃာဘုန်းဘုန်းဆရာတော်တွေနဲ့
facebookပေါ်မှာပဲဖြစ်ဖြစ်
အပြင်ဘက်မှာပဲဖြစ်ဖြစ်
စကားပြောဆိုနေကြတဲ့နေရာမှာ
အရမ်းရင်းနှီးမှုကြောင့်လား
ဒါမှမဟုတ်
မရိုမသေလုပ်တဲ့သဘောလား
ဒါမှမဟုတ်
အကျင့်ပါနေတာလား
ဒါမှမဟုတ်
မေ့နေတာလားမသိဘူး
စကားပြောတဲ့နေရာမှာရော
စာရေးတဲ့နေရာမှာပါ
" ဘုရား " ဆိုတဲ့စကားလုံးလေး
ထည့်ပြောဖို့
ထည့်ရေးဖို့
မေ့နေကြသလိုလိုနဲ့
ပျောက်ကွယ်စပြုလာပြီ ၊
ဥပမာ - ပြောပြရရင်
မင်္ဂလာပါဘုရား
ဟုတ်တယ်ဘုရား
မှန်တယ်ဘုရား
မှန်ပါဘုရား
မိန့်ပါဘုရား
ပြောပါဘုရား
နေကောင်းပါတယ်ဘုရား
အဆင်ပြေပါတယ်ဘုရား
သတိရပါတယ်ဘုရား
နေကောင်းလားဘုရား
ကြွခဲ့ပါဘုရား
လာခဲ့ပါမယ်ဘုရား စသည်စသည်စကားတွေမှာ
" ဘုရား "ဆိုတဲ့
ရိုသေလေးစားမှုအဖြစ်အသုံးပြုနေတဲ့
စကားလုံးလေးမထည့်ကြတော့ဘူး
မပြောကြတော့ဘူး ၊
တစ်ချို့ဆိုရင်
Facebook ပေါ်မှ
ရဟန်းသံဃာ အကောင့်မှန်းသိရက်နဲ့
မရိုမသေ အပြုအမူနဲ့
Messenger
(သို့မဟုတ်)
Chat box ကနေပြီး
" HI "
" ဘာလုပ်နေလဲ "
" နေကောင်းလား "
" အင်း "
" ဟုတ် "စသည်ဖြင့်
ရေးသားပြောဆိုနေကြတာတောင်
အမြဲတမ်းလိုလို
တွေ့နေရ
မြင်နေရပါတယ် ၊
ဒါဟာ
အတိတ်နိမိတ်ဖြစ်ကောက်ယူသည်ဖြစ်စေ
ရိုသေလေးစားမှုမရှိတော့သည်ဖြစ်စေ
ဒီလို
အပြုအမူတွေဟာ
ကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး ၊
နောင်လာမယ့်
အနာဂါတ်မျိုးဆက်သစ်လူငယ်တွေအတွက်
အတုယူမမှားဖို့
ကိုယ်ကိုယ်တိုင်ကစပြီး
သတိထားပြီးပြောဖို့
နေထိုင်ဖို့
အရမ်းအရေးကြီးပါတယ် ၊
ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူထားတဲ့
လူတွေအများစုဟာ
ရဟန်းသံဃာဘုန်းဘုန်းဆရာတော်များနဲ့
ကင်းနေလို့မရသလို
မပြောဘဲမဆိုဘဲလည်းနေလို့မရပါဘူး ၊
အကယ်၍
မိဘဆိုရင်လည်း
ကိုယ့်သားသမီးကို
အတုယူမမှားဖို့
သတိထားပြီးပြောဖို့
သင်ပေးဖို့
အရမ်းအရေးကြီးသလို
ဆရာဆိုရင်လည်း
ကိုယ့်တပည့်လေးတွေ
အတုယူမမှားဖို့
သတိထားပြီးပြောဖို့
သင်ပေးဖို့
အရမ်းအရေးကြီးပါတယ် ၊
ဘယ်ဆရာတော်နဲ့
ရင်းနှီးလို့ပဲဖြစ်ဖြစ်
ဘယ်ဘုန်းဘုန်းနဲ့
ရင်းနှီးလို့ပဲဖြစ်ဖြစ်
ဘယ်ဦးဇင်းနဲ့
ရင်းနှီးလို့ပဲဖြစ်ဖြစ်
ဘယ်ကိုရင်နဲ့
ရင်းနှီးလို့ပဲဖြစ်ဖြစ်
ရဟန်းသံဃာဘုန်းဘုန်းဆရာတော်များနဲ့
အပြင်မှာပဲဖြစ်ဖြစ်
Facebookပေါ်မှာပဲဖြစ်ဖြစ်
ဖုန်းပြောတဲ့အခါမှာပဲဖြစ်ဖြစ်
စာရေးတဲ့အခါမှာပဲဖြစ်ဖြစ်
စကားပြောဆိုတဲ့အခါမှာပဲဖြစ်ဖြစ်
ရိုသေသမှု
လေးစားသမှု
ကြည်ညိုသမှုထားပြီးချိုချိုသာသာနဲ့
ရိုရိုသေသေနဲ့
" ဘုရား " ဆိုတဲ့စကားလုံးကိုထည့်ပြီး
ပြောပေးဖို့
ရေးပေးဖို့
စာရေးသူအထူးတိုက်တွန်းလိုက်ပါရစေ ၊
သေးသေးမွားမွားကိစ္စလေးဆိုပြီး
အထင်မသေးလိုက်ပါနဲ့ ၊
ကြီးမားတဲ့ဆုံးရှုံးမှုတွေဟာ
သေးငယ်တဲ့အရာလေးတွေက
အစပြုတယ်ဆိုတာ
မမေ့လိုက်ပါနဲ့
သတိထားပါ...။
" ဗုဒ္ဓအဆုံးအမ -နှလုံးလှဖြင့်
လောကအမှောင် -အလင်းဆောင်အံ့ "
မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)
31.10.2018 Wed
No comments:
Post a Comment