Tuesday, 18 December 2018

မြန်​မာနိုင်​ငံသို့ မြတ်​စွာဘုရား ကြွခွီ​သော အကြိမ်

ဂေါတမဘုရားရှင် မြန်မာနိုင်ငံကို ဘယ်နှစ်ကြိမ်ကြွချီတော်မူခဲ့သလဲ

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးမြန်မာနိုင်ငံသို့ ကြွချီတော်မူသည့် မှတ်တမ်း


မဟာသက္ကရာဇ် ( ၁၀၄ )ခုနှစ် ဒုတိယဝါ သက်တော် ၃၆ နှစ်တွင် ဖိုးဦးတောင် ( ပြည်မြို့ အနီး )သို့ ကြွချီတော်မူသည် ။ ပြည်ရွှေဆံတော်စေတီ ပေါ်ထွန်းခဲ့သည် ။

၂. မဟာသက္ကရာဇ် ( ၁၁၁ ) ခုနှစ် ဝါတော် ( ၈ ) ဝါ သက်တော် ၄၃ နှစ်တွင် သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ရဟန္တာ အရှင်ဂဝံပတိမထေရ် ပင့်လျှောက်ချက်အရ
ရဟန္တာ ( ၅၀၀ ) တို့နှင့် အတူ ကြွချီတော်မူသည် ။ ကျိုက်ထီးရိုးစေတီ ပေါ်ထွန်းခဲ့သည် ။

၃. မဟာသက္ကရာဇ် ( ၁၁၃ ) ခုနှစ် ဝါတော် ( ၁၀ ) ဝါ သက်တော် ၄၅ နှစ်တွင် ရခိုင်ပြည်သို့ ရဟန္တာ ( ၅၀၀ ) တို့နှင့် ကြွချီတော်မူသည် ။ မဟာမြတ်မုနိအပါဝင် မုနိလေးဆူ ပေါ်ထွန်းခဲ့သည် ။

၎. မဟာသက္ကရာဇ် ( ၁၂၃ )ခုနှစ် ဝါတော် ( ၂၀ )ဝါ သက်တော် ၅၅ နှစ်တွင် သုနာပရန္တတိုင်းသို့ ကြွချီတော်မူသည် ။ မန်းရွှေစက်တော် ခြေတော်ရာများ ကိုးကွယ်ရန် ချထားတော်မူခဲ့သည်။

၅. မဟာသက္ကရာဇ် ( ၁၃၆ ) ခုနှစ် ဝါတော် ( ၃၃ ) ဝါ သက်တော် ၆၈ နှစ်တွင် တကောင်းပြည်သို့ ကြွချီတော်မူသည် ။ ဟန်လင်းကြီးစေတီ ပေါ်ထွန်းခဲ့သည် ။
ဗုဒ္ဓသာသနာ စိရံ တိဋ္ဌတု ဗုဒ္ဓသာသနာတော်မြတ်ကြီးနေလို လလို ထွန်းလင်းတောက်ပစေသောဝ်။

No comments:

Post a Comment