"ပဋ္ဌာန်း(၂၄)ပစ္စည်း"
#ဘုရားရှိခိုးကဗျာလင်္ကာများ
၁။#ဟေတုပစ္စယော =ဟိတ်ကိုသိမြင် ဘုရားရှင်
ကြည်လင်ရှိခိုးကန်တော့ပါ၏။
၂။#အာရမ္မဏပစ္စယော=အာရုံသိမြင် ဘုရားရှင်
ကြည်လင်ရှိခိုးကန်တော့ပါ၏။
၃။#အဓိပတိပစ္စယော=အကြီးအမှူးတရားထူး
ကြည်နူးရှိခိုးကန်တော့ပါ၏။
၎။#အနန္တရပစ္စယော=အခြားမရှိ တရားသိ
မုနိရှိခိုးကန်တော့ပါ၏။
၅။#သမနန္တရပစ္စယော=ကောင်းစွာအခြား မရှိငြားသည့်
တရားသိ မုနိ ရှိခိုးကန်တော့ပါ၏။
၆။#သဟဇာတပစ္စယော=အတူဖြစ်ပုံ အလုံးစုံ
သိဂုဏ် ရှိခိုးကန်တော့ပါ၏။
၇။#အညမညပစ္စယော=အပြန်အလှန် တရားမှန်
သိဟန် ရှိခိုးကန်တော့ပါ၏။
၈။#နိဿယပစ္စယော=မှီရာဖြစ်ပုံ အလုံးစုံ
သိဂုဏ် ရှိခိုးကန်တော့ပါ၏။
၉။#ဥပနိဿယပစ္စယော=အားကြီးကြောင်းပင်
သိတာမြင်မြတ်ရှင်ရှိခိုးကန်တော့ပါ၏။
၁၀။#ပုရေဇာတပစ္စယော=ရှေးဦးဖြစ်အင် သိတာမြင်
မြတ်ရှင် ရှိခိုးကန်တော့ပါ၏။
၁၁။#ပစ္ဆာဇာတပစ္စယော=နောက်မှဖြစ်အင် သိတာမြင်
မြတ်ရှင် ရှိခိုးကန်တော့ပါ၏။
၁၂။#အာသေဝနပစ္စယော=အထပ်ထပ်လဲ မှီထုံဝဲ
သိမြင် ရှိခိုးကန်တော့ပါ၏။
၁၃။#ကမ္မပစ္စယော=ကံအကြောင်းများ သိမြင်ထား
မြတ်ရှင် ရှိခိုးကန်တော့ပါ၏။
၁၄။#ဝိပါကပစ္စယော=ကံအကျိုးများ သိမြင်ထား
ဘုရားရှင်အား ရှိခိုးကန်တော့ပါ၏။
၁၅။#အာဟာရပစ္စယော=ထောက်ပံ့ခိုင်စေ တရားတွေ
သိနေ ရှိခိုးကန်တော့ပါ၏။
၁၆။#ဣန္ဒြိယပစ္စယော=ဣနြေ္ဒများ သိဘုရား မနား
ရှိခိုး ကန်တော့ပါ၏။
အစိုးရပုံ အလုံးစုံ သိဂုဏ်
ရှိခိုးကန်တော့ပါ၏။
၁၇။#ဈာနပစ္စယော=စူးစိုက်ရှုတတ် တရားမြတ်
သိတတ် ရှိခိုးကန်တော့ပါ၏။
၁၈။#မဂ္ဂပစ္စယော=ထွက်မြောက်ကြောင်းလမ်း
သိတတ်ဆန်း ရွှင်လန်း ရှိခိုးကန်တော့ပါ၏။
၁၉။#သမ္ပယုတ္တပစ္စယော=ယှဉ်တွဲဖြစ်ပုံ အလုံးစုံ
သိဂုဏ် ရှိခိုးကန်တော့ပါ၏။
၂၀။#ဝိပ္ပယုတ္တပစ္စယော=မယှဉ်မတွဲသိဂုဏ်လည်း အမြဲရှိခိုးကန်တော့ပါ၏။
၂၁။#အတ္ထိပစ္စယော=ထင်ရှားရှိပုံ အလုံးစုံ
သိဂုဏ်ရှိခိုးကန်တော့ပါ၏။
၂၂။#နတ္ထိပစ္စယော=ထင်ရှားမရှိ လုံးစုံသိ မုနိရှိခိုးကန်တော့ပါ၏။
၂၃။#ဝိဂတပစ္စယော=ကင်းကွာဖြစ်ပုံ အလုံးစုံ
သိဂုဏ်ရှိခိုးပါကန်တော့ပါ၏။
၂၄။#အဝိဂတပစ္စယော=မကင်းမကွာပုံ အလုံးစုံ
သိဂုဏ်ရှိခိုးကန်တော့ပါ၏။
ပဋ္ဌာန်းဟောမှ ထူးခြားရ ဗုဒ္ဓစောမြတ်စွာ။
ပဋ္ဌာန်းတရား လွန်ဆန်းပြား မှန်းထားရှိခိုးပါ။
ပဋ္ဌာန်းဂုဏ်ရည် မှန်ယုံကြည် အတည်ရှိခိုးပါ။
ပညာကြီးလို အထိုထို ရွတ်ဆိုရှိခိုးပါ။
ကောင်းတာအောင်လို လူထိုထို ရွတ်ဆိုရှိခိုးပါ။
"မှတ်ချက်"
ရေးသူ၏ အမည်ကို မသိ၍ ချန်လှပ်ထားပါသည်။
ကဗျာလေးတွေမှာ ပဋ္ဌာန်း ၂၄ ပစ္စည်းရဲ့အဓိက
အဓိပ္ပါယ်လေးတွေ ပါဝင်နေတာကြောင့်သဘော
ကျ၍ စာစီထားဖြစ်တာကြာပါပြီ။
စာစီထားသည့်စာရွက်ကို အင်တာနက်ပေါ်
တင်ပြီးသော်လည်း ဝါးနေသည့်အတွက်
အခုလို ပြန်လည်၍ စာစီကာပြန်တင်လိုက်ပါသည်။
မေတ္တာ စေတနာ ဝေဖြာကာဖြင့်
အရှင်ကေသရ ပဲနွယ်ကုန်း 27/8/2017(တနင်္ဂနွေနေ့)
No comments:
Post a Comment